
ပင်မှည့်သီးများကို ဇူလိုင်လ တတိယပတ်မှ စတင်ဝင်ရောက်လျက်ရှိပါသည်။ ပင်မှည့်သီး များစတင်ဝင်ရောက်ချိန်တွင် တစ်လုံးလျှင် (၅၀၀) ကျပ်မှ (၆၀၀) ကျပ်ထိ ရောင်းချလျက် ရှိပါသည်။ ယခု ဩဂုတ်လ ပထမပတ်တွင် ပင်မှည့်သီးဝင်ရောက်မှုများပြားလာသဖြင့် တစ်လုံးလျှင် (၃၀၀)ကျပ်၊ (၄၀၀)ကျပ် ဟူ၍လည်းကောင်းရောင်းချလျက်ရှိကြောင်း သိရပါသည်။ ပင်မှည့်သီး သည် ရာသီပေါ်သီးနှံဖြစ်ပြီး ပင်မှည့်သီးများကို သကြားနှင့် သော်လည်းကောင်း၊ ပျားရည်ဖြင့် သော်လည်းကောင်း ဖျော်၍သောက်သုံးကြသည်။ ပင်မှည့်သီးကိုသောက်သုံးခြင်းဖြင့် အူလမ်းကြောင်း ကျန်းမာရေးတွက် အထောက်အကူဖြစ်ခြင်း ၊ ကိုယ်အလေးချိန်ထိန်းညှိပေးခြင်း ၊ နှလုံးသွေးကြော အတွက်ကောင်းမွန်စေခြင်း၊ ခေါင်းမူးခေါင်းကိုက် သက်သာစေခြင်း၊ အိပ်ပျော်စေခြင်း၊ မျက်စိအားကောင်း စေခြင်း၊ သွေးအားနည်းခြင်းကိုလည်းကာကွယ်ပေးခြင်း၊ သံဓာတ်ကြွယ်ဝခြင်း စသဖြင့် ကျန်းမာရေး အတွက် အထောက်အကူပြုသော ရာသီပေါ်သီးနှံတစ်ခုဖြစ်ပါသည်။
DOCA (မန္တလေး)