ငါန်းဇွန်မြို့နယ်တွင် စက်သုံးဆီရောင်းချမှု အခြေအနေ

Powered by Drupal

          ငါန်းဇွန်မြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၀)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ်ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(၁)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်းဈေးနှုန်းများအနေဖြင့် 92 Octance(၃၀၄၀)ကျပ်၊ 95 Octance(၃၀၉၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၈၅၅)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၅၀၀)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

          စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၁-၈-၂၀၂၅ရက်နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၂၉၉၅)ကျပ်၊ 95 Octance(၃၀၅၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၈၂၅)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၄၇၅)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင်အပတ်ထက် တစ်လီတာလျှင် 92 Octanceတွင်(၅၀)ကျပ်၊ 95 Octanceတွင်(၅၅)ကျပ်  ဈေးနှုန်းကျဆင်းခဲ့ပြီး ရိုးရိုးဒီဇယ်နှင့် ပရီမီယမ် ဒီဇယ်တို့တွင်(၅)ကျပ် ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)