
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသဖြစ်သောကြောင့် သီးနှံမျိုးစုံစိုက်ပျိုး ဖြစ်ထွန်းလျက်ရှိရာ ၎င်းသီးနှံများအနက် ငရုတ်သီးနှံကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင် (၁၁၀၁) ဧကစိုက်ပျိုးခဲ့ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရသည် ။ ငရုတ်မျိုးများ အနေဖြင့် သာမို ၊ ဒီမွန် ၊ အက်စတာ၊ ၆၉၂၊ ကျားခေါင်း ငရုတ်မျိုးများကို စိုက်ပျိုးကြပြီး ၎င်းမျိုးများအနက် ၆၉၂ ငရုတ်မျိုးများကို ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီလများတွင် စိုက်ပျိုးကြကြောင်း ၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း(၁၅၀၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့်(၄၀၀-၄၅၀)ပိဿာခန့်ထွက်ရှိကြောင်း၊ငရုတ်သီးဈေးနှုန်းအနေဖြင့် ငရုတ်သီးခြောက် အညှာပါ တစ်ပိဿာ လျှင်(၉၀၀၀)ကျပ်၊ ငရုတ်သီးခြောက်အညှာခြွေ တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ (၁)ဧက အကျိုးအမြတ်အနေဖြင့်(၂၁၀၀၀၀၀/-)ကျပ်ဝန်းကျင် မြတ်ကြောင်း ၊ ငရုတ်ပွဲစားများမှ စိုက်ခင်းအထိလာရောက်ဝယ်ယူကြပြီး ဈေးကွက်ရှိရာ မန္တလေး ၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြကြောင်း၊ ငရုတ်စိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေ ရရှိသည့်အပြင် မိသားစုစားဝတ်နေရေးပါပြေလည်သည့်အတွက်ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ငရုတ်စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။
DOCA (မန္တလေး)