မြစ်ကြီးနားမြို့၊အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၊ အင်ဂျန်ဒုံရပ်ကွက်တွင် စားသုံးသူကာကွယ်ရေးလုပ်ငန်း အသိပညာ‌ပေး‌ဟောပြောခြင်း

Powered by Drupal

    စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှု ရရှိစေရေးအတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ဖော်ဆောင် ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်လျက် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ရုံးမှ ဦးဇေယျာအောင် (ခရိုင်ဦးစီးမှူး) သည် ၆.၈.၂၀၂၅ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း၊ အင်ဂျန်ဒုံရပ်ကွက်ရှိ ဆရာ/ဆရာမ များနှင့် ကျောင်းသား/သူ (၁၂၆)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ ဟောပြောရာတွင် ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး) က၂၀၁၉ခုနှစ်၊ စားသုံးသူကာကွယ်ရေး စတင်ပေါ်ပေါက်လာပုံ၊စားသုံးသူကာကွယ်ရေးပဒေပါ စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူ၏ ဓိပ္ပါယ်ဖွင့်ဆိုချက် စားသုံးသူအခွင့်အရေး(၈)ချက်နှင့် တာဝန်(၄)ချက် ၊ ကုန်စည် / ဝန်ဆောင်မှု နှင့် စပ်လျဉ်း၍ အာမခံချက် ပေးခြင်းအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ အချိုရည် သောက်သုံးမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များအကြောင်း၊ အစားအသောက်တွင် သုံးစွဲခွင့်မရှိ သောဆိုးဆေးများအကြောင်း၊ ကုန်စည်များကို ဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုရှိသော ကုန်စည်များကိုသာ ဝယ်ယူသုံးစွဲရန်၊ စားသုံးသူ နစ်နာဆုံးရှုံးမှုများအတွက်လည်း တိုင်ကြားရန် CICC ရုံးခန်းများကို ဖွင့်လှစ်ထားရှိမှု၊ ဖြေရှင်းပေးနေမှုအခြေအနေများ  Call Center  1535 သို့ တိုက်ရိုက် ခေါ်ဆို မေးမြန်းတိုင်ကြားနိုင်ပါကြောင်း အသိပညာပေး ဟောပြောခဲ့ပါ သည်။

DOCA(ကချင်)