
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနခွဲ တာဝန်ခံ ဒေါ်အေးငြိမ်းစံ(ဦးစီးအရာရှိ)သည် ပုသိမ်ကြီးမြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ကျော်စားသုံးဆီရောင်းဝယ်ရေးဆိုင်အား ၃-၈-၂၀၂၅ ရက်နေ့ တွင် ကွင်းဆင်း စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပုသိမ်ကြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒေါ်မွန်မွန်ခင်(ဒု-ဦးစီးမှူး) ၊ပုသိမ်ကြီးမြို့နယ် အခွန်ဦးစီး ဌာနမှ ဦးနေဖြိုးအောင် (ဒု-ဦးစီးမှူး)၊ ပုသိမ်ကြီးမြို့မ ရဲစခန်းမှ ဒု-ရဲအုပ် ဒေါ်ခင်ဇာဦး၊ ပုသိမ်ကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဦးသန်းနိုင်ဦး(အငယ်တန်းစာရေး)၊ ပုသိမ်ကြီးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါ်စိုးစိုးပိုင်(လက်ထောက်ကြီးကြပ်ရေးမှူး)တို့ ပါဝင်သော ပုသိမ်ကြီးမြို့နယ် ၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့များသည်။ဈေးကွက်အတွင်း ဆီနှင့်ကုန်ပစ္စည်းများ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA (မန္တလေး)