Thursday Talk ကျင်းပပြုလုပ်

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီး ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ၃၁-၇-၂၀၂၅ ရက် ကြားသပတေးနေ့ နံနက် ၁၀:၀၀ နာရီ အချိန်တွင်“ThursdayTalk”အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါ အခမ်းနားသို့ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူး၊ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ၊ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် အရာထမ်း/ အမှုထမ်းများ နှင့်အတူ ကျောက်ဆည်ခရိုင်၊မိတ္ထီလာခရိုင်၊မြင်းခြံခရိုင်များမှ ခရိုင် ဦးစီးမှူးများနှင့် ဝန်ထမ်းများ ၊ ညောင်ဦးခရိုင်နှင့် ပြင်ဦးလွင် ခရိုင်တို့မှ ခရိုင်တာဝန်ခံများနှင့် ဝန်ထမ်းများက Zoom ဖြင့်တက်ရောက်ခဲ့ကြပါသည်။ ၎င်း“Thursday Talk” အခမ်းအနားတွင် တိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေ က အဖွင့် အမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံမှ ဦးချစ်ဖြိုးဝေ  (ဒု-ဦးစီးမှူး) က “လုပ်ငန်းခွင်စွမ်းဆောင်ရည်မြှင့်တင်ရေး ဝန်ထမ်းစည်းကမ်းဦးစာပေး” ခေါင်းစဉ်ဖြင့် လည်ကောင်း ၊မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဦးစန်းအောင်(ဒု-ဦးစီးမှူး)က “စပျစ်အကြောင်းသိကောင်းစရာ” ခေါင်းစဉ်ဖြင့် လည်ကောင်း၊အကျယ် တဝင့် ဟောပြောဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။  DOCA (မန္တလေး)