
ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် အသား/ငါးနှင့် အခြားစားသောက် ကုန်ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများရောင်းချသည့်အနက်မှ အသား/ငါး ဈေးနှုန်းများထဲမှ ဝက်သားဈေးနှုန်းသည်လည်း မြင့်တက် လျက်ရှိပါသည်။
ဩဂုတ်လ ပထမပတ်၏ ဝက်သားဈေးနှုန်းများမှာ ဝက်သားရှယ် (အသားသီးသန့်) လက်လီ တစ်ပိဿာလျှင်(၃၄၀၀၀)ကျပ်၊ ဝက်သား(ပေါင်သား) လက်လီ တစ်ပိဿာ လျှင်(၃၂၀၀၀) ကျပ်၊ ဝက်သားရိုးရိုး(နံကိုင်းသား) လက်လီ တစ်ပိဿာလျှင်(၃၀၀၀၀)ကျပ်၊ ဝက်သား ဝမ်းတွင်းကလီစာ လက်လီ တစ်ပိဿာလျှင်(၂၄၀၀၀)ကျပ် နှင့် ဝက်သား(မေးဖျား၊ နားရွက်) တစ်ပိဿာ လျှင်(၂၅၀၀၀)ကျပ်၊ ဝက်သွေးခဲ(၁)ပိဿာလျှင်(၆၀၀၀)ကျပ်၊ ဝက်ရိုးအကြမ်း တစ်ပိဿာ(၁၀၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း၊ ဝက်အူချောင်းဈေးနှုန်းများမှာ ဝက်အူချောင်း တစ်ပိဿာလျှင် (၄၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၃၀၀၀)ကျပ် နှင့် ဝက်အူချောင်း(၁၀)ကျပ်သားလျှင် (၄၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင်အပတ်နှင့် နှိုင်းယှည်ပါက ဈေးအနည်းငယ်မြင့် တက်လျက်ရှိကြောင်း သိရသည်။
DOCA (စစ်ကိုင်း)