စားသုံးသူတိုင်ကြားမှုများ စိစစ်လက်ခံဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်လှစ်

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ၂၈-၇-၂၀၂၅ ရက်နေ့မှ ၂၉-၇-၂၀၂၅ ရက်နေ့အထိ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ တိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေမှ စားသုံးသူနစ်နာဆုံးရှုံးမှုများအပေါ် အရေးဆိုတိုင်ကြား လာပါက စိစစ်စုံစမ်းဆောင်ရွက်ပေးရန် မန္တလေးတိုင်းဒေသကြီးအတွင်း စစ်ဆေးရေးအရာရှိပေါင်း (၇၃) ဦး ခန့်ထားဆောင်ရွက်လျက်ရှိရာ စစ်ဆေးရေးအရာရှိများအနေဖြင့် စားသုံးသူတိုင်ကြားမှုများ ဖြင့်ဖြစ်စေ၊ ဘေးအန္တရာယ်ရှိသော ကုန်စည်ဝန်ဆောင်မှုများဖြင့်ဖြစ်စေ ဖြေရှင်းဆောင်ရွက်ရာတွင်  သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသော အစိုးရဌာန၊ အဖွဲ့အစည်းများနှင့် မလွဲမသွေ ချိတ်ဆက် ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် စားသုံးသူတိုင်ကြားမှုများ စိစစ်လက်ခံဖြေရှင်း ဆောင်ရွက် ရာတွင် သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းအား (၂) ရက်တိုင်တိုင် ကျင်းပပြုလုပ်ကြောင်း  အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။      

          အဆိုပါ သင်တန်းဖွင့်ပွဲ (၂၈-၇-၂၀၂၅) ရက်နေ့တွင် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဟေမာန်ထွန်းက အစားအသောက်များအကြောင်း ပြောကြားခြင်း၊ ဦးစီးအရာရှိ ဒေါ်အိမ့်အိမ့်ထွန်းက ဆေးဝါးနှင့်အလှကုန်များ အကြောင်း ပြောကြားခြင်း၊   မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အိရွှေစင်မှ ဈေးနှင့်သားသတ်ဌာနနှင့် ဌာနခွဲဖွဲ့စည်းပုံများအကြောင်း ပြောကြားခြင်း၊  (၂၉-၇-၂၀၂၅) ရက်နေ့တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဒု-တိုင်းစီးပွားရေး 

 

တာဝန်ခံဦးမင်းဇော်ထွန်းမှ MPT Marketing နှင့်ပတ်သက်၍ ပြောကြားခြင်း၊  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဒု-ရဲမှူး ကျော်နိုင်စိုးမှ ရဲအရေးပိုင် ပြစ်မှုများနှင့် ရဲအရေးမပိုင်ပြစ်မှုများအကြောင်း ပြောကြားခြင်း ၊ စားသုံးသူရေးရာဦးစီးဌာန(ရုံးချုပ်)မှ ဦးစီးအရာရှိ ဒေါ်ဖြိုးသော်ဆက်မှ စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) အကြောင်း ပြောကြား ခဲ့ရာ  သင်တန်းသား သင်တန်းသူ (၅၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (မန္တလေး)