
မြင်းခြံမြို့နယ် ရပ်ကွက်၊ ကျေးရွာများရှိ အိမ်ခြံဝန်းများနှင့် ဥယျာဉ်ခြံများတွင် ကြောင်လျှာပင်များကိုစိုက်ပျိုးထားကြောင်း၊ ၎င်းသည်နှစ်ရှည်ခံအပင်ဖြစ်ပြီး၊ ဇွန်လ၊ ဇူလိုင်လနှင့် ဩဂုတ်လများတွင် အသီးများလှိုင််လှိုင်ထွက်ပေါ်ကြောင်းသိရှိရသည်။ ၂၀၂၅ခုနှစ်၊ ဇူလိုင်လနောက် ဆုံးပတ်တွင် ကြောင်လျှာသီးတစ်တောင့်လျှင် (၈၀၀-၁၀၀၀) ကျပ်ပေါက်ဈေးများရှိကြောင်း၊ ထွက်ရှိသောကြောင်လျှာသီးများကို ဒေသတွင်းဖြန်ဖြူးရောင်းချကြောင်း၊ စားသုံးမှုများပြီး အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊ ၎င်းသည်မြန်မာနိုင်ငံနေရာအနှံအပြားတွင် ပေါက်ရောက်ကြောင်း၊ ဆေးဖက်ဝင်သော ကြောင်လျှာသီးများကိုစားသုံးခြင်းဖြင့် နာတာရှည် ရောင်ရမ်းတာနှင့် အဆစ်နာ ရောဂါကို သက်သာစေကြောင်း၊ ဓာတုဆေးဝါးများ သောက်သုံး ခြင်းကြောင့်အသည်း ထိခိုက်ပျက်စီးခြင်းကို ကြောင်လျှာသီးက အထိရောက်ဆုံးကာကွယ်ပေးကြောင်း၊ ကျောက်ကပ်မှ အဆိပ်အတောက်တွေကို ဖယ်ရှားပေး၍ ကျောက်တည်ခြင်းကိုလည်း သက်သာစေပြီး အကောင်းဆုံးအားဖြည့်ပေးကြောင်း၊ သွေးတွင်းသကြားဓာတ်ကို အထိရောက်ဆုံး ထိန်းညှိပေးပြီး ရုတ်တရက် သွေးချိုတက်တာမျိုး မဖြစ် အောင် ကာကွယ်ပေးသလို ဆီးချိုမဖြစ်အောင် လည်းကာကွယ်ပေးကြောင်း၊ အစာခြေအက်ဆစ်ကို ထိန်းညှိပေးပြီး ရင်ပူတာ၊ အစာမကြေတာ၊ လေထိုးလေအောင့်တာတွေကိုလည်း သက်သာစေနိုင်ကြောင်း၊ ကင်ဆာဆဲလ်တွေ မပြန့် အောင်လည်း ကာကွယ်ပေးကြောင်း၊ စားသုံးမှုအနေဖြင့် ကြောင် လျှာသီးကို မီးလေးအုံး စားစား၊ ပြုတ်ပြီးတို့တို့၊ ပါးပါးလှီးပြီး ချဉ်ဖက်စိမ်စားစား၊ ဆီချက်၊ ပဲမှုန့်တို့နဲ့သုပ်စားစား စားရသူ တိုင်းခံတွင်းတွေ့စေသည့် ဆေးဖက်ဝင်ခါးသက်သက် ပူရှိန်းရှိန်းလေး အရသာရှိသော ကြောင်လျှာ သီးကို စားသုံးမှုများပြား ကြောင်းသိရှိရသည်။
Doca(မန္တလေး)