မအူပင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ( ၃-၈-၂၀၂၅ ) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် GECရုံး အစည်းအဝေးခန်းမ၌ မအူပင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်မျာအသင်းနှင့်တွေ့ဆုံဆွေးနွေးမှု  ဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူးက မအူပင် ဆီလက်ကားကိုယ်စားလှယ်(၈)ဦး၊ ဆီထုတ်ကိုယ်စားလှယ် (၈)ဦးတို့ဖြင့်   တွေ့ဆုံ၍ မအူပင်ဆီခွဲ တမ်းရရှိမှုအပေါ် သတ်မှတ်ရက်အတွင်း အချိန်နှင့် တပြေးညီ ဆီထုတ်ယူပေးနိုင်ရန်၊ ဆီလက်ကား ကိုယ်စားလှယ်များ'မှလည်း ရရှိသော ဆီများကို စနစ်တကျရောင်းချသွားရန်၊ သတ်မှတ်ဈေး နှုန်းဖြင့် စားအုန်းဆီများအား လက်လီဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ စားအုန်းဆီ အရောင်းဆိုင်များအနေဖြင့် စားအုန်းဆီများအား သတ်မှတ်အချိန်ကာလအတွင်း သတ်မှတ်ပမာဏ၊ သတ်မှတ်ဈေးနှုန်းအတိုင်း အလေးချိန်ပြည့်မီစွာဖြင့် ပြည်သူလူထုလက်ဝယ်အရောက် ရောင်းချသွားရန်လိုအပ်ကြောင်း၊ မလိုလားအပ်သော နေရာများသို့ မရောင်းချမိစေရန် လိုအပ်ပါကြောင်း၊ ကျေးရွာများသို့ ဆီအရောင်းကိုယ်စားလှယ်များကလည်း ရောင်းချရက်အတွင်း သတ်မှတ်ချက်နှင့်အညီ ရောင်းချပေးနိုင်ရန်ကို အပတ်စဉ် ထုတ်ယူရောက်ရှိလာသည့် စားအုန်းဆီများ၏ရောင်းလိုအား၊ ဝယ်လိုအားအခြေအနေများ ညီမျှရန်၊ စားသုံးသူပြည်သူများ သက်သာချောင်ချီစွား ဝယ်ယူနိုင်ရန် အဓိကထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း  မိမိတို့ဌာနအနေဖြင့်လည်း ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း တက်ရောက်လာကြသော မအူပင်ဆီကုန်သည်နှင့် ဆီ လုပ်ငန်းရှင်များအသင်းနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)