“ ကော့မှူးမြို့နယ်မြို့သစ်ရပ်ကွက်ရှိ သိုလှောင်ရုံမှ ဓာတ်မြေဩဇာများခွဲဝေထုတ်ပေးခြင်း ”

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မိုးစပါး (Seeder)နှင့် စံပြကွက် စိုက်ပျိုးထားသည့် ရပ်ကွက်/ကျေးရွာအုပ်စုများရှိ စိုက်ဧကများ အပေါ် ဓာတ်မြေဩဇာများကို ဩဂုတ်လ(၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီတွင် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

     ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဌနှင့် ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနနှင့် ဓာတ်မြေဩဇာဖြန့်ဖြူးရေး ကော်မတီမှ တာဝန်ရှိသူများသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မိုးစပါး (Seeder)နှင့် စံပြကွက် စိုက်ပျိုးထားသည့် စိုက်ဧကများ အောင်နိုင်တိုးစပါး စိုက်ပျိုးထားသည့် စိုက်ဧကများအပေါ် ကော့မှူးမြို့နယ်အတွက် ခွဲတမ်းရရှိသော ဓာတ်မြေဩဇာအိတ်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်/ကျေးရွာအုပ်စုများသို့ မြို့နယ်ဓာတ်မြေဩဇာ ဖြန့်ဖြူးရေးကော်မတီမှ တာဝန်ရှိသူများက ခွဲဝေထုတ်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)