တောင်ဒဂုံမြို့နယ်အတွင်းရှိစားအုန်းဆီလက်လီအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     (၅.၈.၂၀၂၅)ရက်နေ့ ၊နံနက်(၁၀:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (လက်ထောက်ညွှန်ကြားရေးမှူး)နှင့်ဝန်ထမ်းများ၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဆီကုန်သည်များအသင်၊ ဈေးစည်ပင်သာယာရေးကော်မတီတို့နှင့်အတူ တောင်ဒဂုံမြို့နယ်၊ (၂)ဈေးအတွင်းနှင့် ဈေးပြင်ပရှိ စားအုန်းဆီလက်လီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

      ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် တောင်ဒဂုံမြို့နယ်၊ (၂)ဈေးအတွင်းရှိ ဆိုင်ခန်း(၃)ဆိုင်နှင့် ဈေးပြင်ပရှိ ဆိုင်ခန်း(၂)ဆိုင်တို့အား ဝင်ရောက်စစ်ဆေးခဲ့ရာ မိမိရရှိသော ခွဲတမ်းများကို ရပ်ကွက်နေ စားသုံးသူပြည်သူများလက်ဝယ်သို့ အမှန်တကယ်ရောက်ရှိစားသုံးနိုင်ရန် ရောင်းချပေးပါကြောင်း ၊အလေးချိန်လည်းမှန်ကန်စွာချိန်တွယ်ပေးပါကြောင်း လက်ကျန်များမထားရှိကြောင်း ကွင်းဆင်း စစ်ဆေးချက်အရ သိရှိရပါသည်။

DOCA (ရန်ကုန်)