ကန့်ဘလူမြို့မဈေးတွင် ရောင်းချသည့် သရက်သီးခြောက်နှင့် ခရမ်းသီးခြောက်ဈေးနှုန်း

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”သည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ်သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင်ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ကန့်ဘလူ“မြို့မဈေး”ရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသည့်  ခရမ်းသီးခြောက် (၁)ပြည်လျှင်(၁၅၀၀)ကျပ်၊ (၂)ပြည်လျှင် (၂၇၀၀)ကျပ်၊ ဩဂုတ်လ ပထမပတ်အတွင်း သရက်သီးခြောက်ဈေးနှုန်းမှာ (၁၀)ကျပ်သားလျှင် (၄၀၀)ကျပ်နှင့် (၁)ပိဿာလျှင် (၃၉၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ အသီးခြောက်များကို မြို့ပေါ်ရပ်ကွက် နှင့် ကန့်ဘလူမြို့နယ် ဆိတ်ဖူးမြောင်ကျေးရွာ၊ နတ်ပေးကျေးရွာတို့မှ သရက်သီးလှိုင်လှိုင်ပေါ်ချိန် တွင် အသီးစိမ်းများကိုအခြောက်လှမ်း၍ လာရောက်ရောင်းချသည့်အတွက် တဖက်တလမ်းမှ မိသားစုဝင်ငွေ ရရှိကြောင်း ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)