ဖျာပုံမြို့နယ်၊ ဈေးကွက်အတွင်းရှိ စားသုံးဆီ(ဘူးဆီ) အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(၁) ရက်၊နံနက် (၁၀:၃၀) အချိန်တွင် ဈေးကွက်အတွင်းရှိ စားသုံးဆီ (ဘူးဆီ) အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

  စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် မြို့မဈေး အတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော Goody ၊ Mazin ၊ Lotus  အစရှိသော ဘူးဆီများတွင် ကုန်အညွှန်း အမှတ်အသားများ ကိုက်ညီမှုရှိ/မရှိ၊ FDA ထောက်ခံချက်နှင့် အသားတင်အလေးချိန်၊ မြန်မာယူနစ်ဖြင့် ဖော်ပြထားခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ရာ ကိုက်ညီမှုရှိကြောင်း တွေ့ရှိရသဖြင့် လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသော ဘူးဆီများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၁) အရ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းတို့ကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း ကွင်းဆင်းစစ်ဆေးခဲ့မှုအရ သတင်းရရှိပါသည်။

(Doca ဧရာဝတီ)