ပုသိမ်မြို့၊ ဘုံကျော်မဟာစည် သာသနာ့ရိပ်သာကြီး၏ ဦးစီးပဓာနနာယက၊ (မူလဓမ္မာစရိယ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ) ဘဒ္ဒန္တ ဝိစာရ သက်တော်ရှည်ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာသဘင် အခမ်းအနားသို့တက်ရောက်

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ဩဂုတ်          ၄ ရက်နေ့တွင်ဘုံကျော်မဟာစည် သာသနာ့ရိပ်သာကြီး၏ ဦးစီးပဓာနနာယက၊ (မူလဓမ္မာစရိယ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယဘဒ္ဒန္တ ဝိစာရ၊ သက်တော် (၉၁) နှစ်၊ သိက္ခာတော် (၇၁)ဝါရ၊ သက်တော်ရှည်ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာသဘင် အခမ်းအနားသို့တက်ရောက်ခဲ့သည်။

    ဦးစွာ သဗ္ဗေသင်္ခါရာ အနိစ္စာ တိ အစရှိသော သံဝေဂ () ဂါထာကို ရွတ်ဆိုပွားများ၍ အခမ်းအနားကို စတင်ခဲ့ပြီးနောက် ဘုံကျော်ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိအကျဉ်း ကို သဒ္ဓမ္မသီတဂူကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုနန္ဒကလည်းကောင်း၊ ဘုံကျော်ဆရာတော်ဘုရား ကြီးအား ရည်မှန်းပူဇော်ရေးစပ်ဖွဲ့သီသော ရှစ်လုံးဘွဲ့ကဗျာအား ဝတ်ရွတ်အဖွဲ့ကလည်းကောင်း၊  သုဝဏ္ဏဘူမိသာသနရိပ်သာ၊ မဟာစည်နယ်လှည့်ဓမ္မကထိက ဘဒ္ဒန္တကုဏ္ဍလမှဂုဏထောမနာ ဂါထာတော်မြတ်ဖြင့်လည်းကောင်း၊ မဟာစည်နယ်လှည့်ဓမ္မကထိက မေတ္တာစည် ဆရာတော် အရှင်သုမင်္ဂလမှဦးဆောင်၍ တပည့်ဒါယကာ၊ ဒါယိကာမ အပေါင်းတို့မှ အစ္စယဒေသနာတော် မြတ်ဖြင့်လည်းကောင်း၊ မြဝတီဆရာတော် အရှင်နန္ဒဝံသမှ ပစ္ဆိမဝန္ဒနာ" ဂါထာတော်မြတ် ဖြင့်လည်းကောင်း ဖတ်ကြားရွတ်ဖတ်ပူဇော် ကန်တော့ခဲ့ကြသည်။ ယင်းနောက်  လေးမျက်နှာ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနန္ဒာစရိယမှ ကြွတော်မူပါ မြတ်ဆရာဂါထာတော်ဖြင့်ပူဇော်၍ ဆရာတော် ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်အား တပည့်သံဃာတော်များ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ သာနသနာ့ကော်မတီဝင်များ၊ ဆွေတော်မျိုးတော်များ၊ ဘုံကျော်ဟိတေသီအဖွဲ့၊ တပည့်ဒါယကာ၊ ဒါယိကာမများက ပုခုံးထမ်းလက်ဆင့်ကမ်း၍ စံကျောင်းတော်မှ ကရဝိတ်ယာဉ်ပေါ်သို့ ပင့်ဆောင်ပူဇော်ခဲ့ကြောင်း သိရှိရပါသည်။

( DOCA ဧရာဝတီ)