
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့ရှိဈေးကွက်များတွင် ယခုရက်ပိုင်းအတွင်း နာနတ်သီးများ ပုံမှန်အတိုင်းဝင်ရောက်လျက်ရှိပြီး ဈေးနှုန်းများမှာလည်း တည်ငြိမ်လျက်ရှိကြောင်းဈေးသည်များထံမှ သိရှိရပါသည်။ ပုသိမ်မြို့နယ်အနီး ပတ်ဝန်းကျင်ရှိကျေးရွာများမှ ထွက်ရှိသောနာနတ်သီးများကို မြို့မဈေး နှင့်အခြားရက်ကွက်ဈေးများတွင် နေ့စဉ်ရောင်းချလျက်ရှိပါသည်။ လက်ရှိဈေးကွက်တွင် နာနတ်သီးတစ်လုံးလျှင် အရွယ်အစားအလိုက် ၃၀၀၀ကျပ်မှ ၃၅၀၀ကျပ်အထိ ရောင်းချနေကြောင်း သိရှိရပါသည်။
ရာသီဥတုကောင်းမွန်မှုကြောင့် နာနတ်သီးအထွက်နှုန်း ကောင်းမွန်နေပြီး ဈေးကွက်သို့ ပုံမှန်ဝင်ရောက်မှုရှိနေပါသည်။ နာနတ်သီးကို အစားအသောက်အဖြစ် သုံးဆောင်ရုံသာမက ဖျော်ရည်နှင့်အချိုပွဲများပြုလုပ်ရာတွင်လည်း အသုံးပြုကြသည်။ ဈေးသည်တစ်ဦးက“ဒီရက်ပိုင်းနာနတ်သီးအဝင်လည်းမှန်တယ်။ ဈေးနှုန်းအတက်အကျ အတက်အကျလည်း ပုံမှန်ပါပဲ။ ဖျော်ရည်လုပ်သောက်ဖို့ကော၊ အစိမ်းလိုက်ဝယ်စားဖို့ရော ဝယ်ကြတာများပါတယ်” ဟုပြောကြားခဲ့ပါသည်။
( DOCA ဧရာဝတီ)