
ဂေါ်ရခါးညွှန့်သည် ကယ်လိုရီနည်းသော၊ အမျှင်ဓာတ်ကြွယ်ဝပြီး ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝသော ဟင်းသီးဟင်းရွက်ဖြစ်ပါသည်။ ဂေါ်ရခါးညွှန့်တွင် သံဓာတ်နှင့် သွပ်ဓာတ်မြင့်မားစွာ ပါဝင်သည်။ သံဓာတ်နှင့် ဇင့်တို့သည် လူ့ခန္ဓာကိုယ်အတွက် အရေးကြီးသော သတ္တုဓာတ်များ ဖြစ်သည်။ ဂေါ်ရခါးညွှန့်သည် အမျှင်ဓာတ်လည်းကြွယ်ဝသည်။ ဂေါ်ရခါးညွှန့်ဟာ နှလုံးအတွက် အထောက်အကူဖြစ်ပြီး ကင်ဆာရောဂါကို ကာကွယ်နိုင်ပါတယ်။ ဂေါ်ရခါးညွှန့်မှာပါဝင်တဲ့ အာဟာရဓာတ်တွေက ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးအများကြီးရနိုင်ကြောင်း သိရပါသည်။
အဆိုပါ မိုးရာသီအချိန်တွင် ဂေါ်ရခါးပင်၌ ဂေါ်ရခါးသီးများသာမက ဂေါ်ရခါးညွှန့်လေးများလည်း အညွှန့်တလူလူနှင့် လတ်ဆတ်စွာ ရရှိသည့်အပြင် ကျန်းမာရေးအတွက် အလွန်အကျိုးရှိပြီး ဈေးသက်သာတဲ့ ဟင်းတစ်ခွက်ရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် မိုးအေးအေးနှင့် လိုက်ဖက်သည့်အပြင် ကျန်းမာရေးကို အထောက်အကူရစေသည့် ဂေါ်ရခါးညွှန့်များအား သောက်ဆမ်းချက်စားလို့လဲရသလို ကြော်ချက်ကလေး ချက်စားလို့လဲရပါတယ်။ အခုအခါ ဟော့ပေါ့ထဲတွင်လည်း ကျန်းမာရေးအမယ်တစ်ခုအဖြစ် ထည့်ပြုတ်စားနေကြပြီဖြစ်ပါတယ်။ ဈေးကွက်ထဲတွင် တစ်စီးလျှင် (၂၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိပြီး ရာသီစာကလေးဖြစ်သည့်အတွက် အရောင်းသွက်လျက်ရှိကြောင်းနှင့် စားသုံးရန်အထူးသင့်တော်ပါကြောင်း သိရပါသည်။
( DOCA ဧရာဝတီ)