
ကွမ်းသည်ကပ်ပါးနွယ်ပင်တစ်မျိုးဖြစ်ပြီး မြန်မာနိုင်ငံအနှံအပြားပေါက်ရောက်သော အပင် တစ်မျိုး ဖြစ်ပါသည်။ မြန်မာအစတကောင်းက ဟုဆိုရိုးစကားရှိသကဲ့သို့ ကွမ်းကိုတကောင်းခေတ်ကတည်းက စားသုံးခဲ့ကြပါသည်။ ကွမ်းရွက်ကိုညှစ်၍ရသော အရည်နှင့် ဂျင်းပြုတ်ရည်၊ ဆား အနည်းငယ်နှင့် တိုက်ကျွေးပါကပန်းနာ၊ ရင်ကျပ်၊ ရင်အောင့် ရင်ကယ်၊ ကြက်ညှာချောင်းဆိုး ရောဂါများပျောက်စေနိုင်ပြီး ကလေးများ လေပွခြင်း၊ အစာမကြေဖြစ်ခြင်း၊ ဝမ်းသွားခြင်း၊ ဖျားနာ ခြင်းများ၌ ကွမ်းရွက်အရည်နှင့် ပျားရည်ရော ၍တိုက်ကျွေးလျှင် ပျောက်ကင်းနိုင်သဖြင့် အလွန်အသုံးဝင်ပါသည်။
တောင်ငူမြို့နယ်တွင် ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသမှထွက်သော ကွမ်းကြမ်း တစ်ထုပ်လျှင် ၅၀၀ ကျပ်၊ ဘောဂလိဒေသမှထွက်သောကွမ်းသီး(ပြောင်) တစ်ပိဿာလျှင် ၂၅၀၀၀ကျပ်၊ ကွမ်းသီး(ရွေး)တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်မှ ၃၅၀၀၀ ကျပ်၊ ကွမ်းသီး (ကြက်ချေး) တစ်ပိဿာလျှင် ၇၀၀၀ ကျပ်တို့ဖြင့် ဈေးနှုန်းဖြစ်ပေါ်နေပြီး အရောင်းသွက် နေကြောင်း တောင်ငူမြို့နယ်၊ ညောင်ပင်ဈေးရှိ ကွမ်းနှင့်ကွမ်းသီးရောင်းချသူ မကြည်ပြာအေး ၏ ပြောကြားချက်အရ သိရှိရပါသည်။
DOCA(ပဲခူး)