တောင်ငူမြို့တွင် ရောင်းချနေသော ဩဇာသီး ဈေးနှုန်း

Powered by Drupal
တောင်ငူမြို့ ဈေးများရှိ သစ်သီးဆိုင်များတွင် ပန်းသီး၊ ပန်းသစ်တော်၊ စပျစ်သီး၊ သရက်သီး၊ လိမ္မော်သီး၊ဖရဲသီး၊နာနတ်သီး၊ဒူးရင်းသီး၊မင်းဂွတ်သီး၊ကြက်မောက်သီး စသည်ဖြင့် အသီးမျိုးစုံများကို ဆိုင်များတွင် အထိုင်သော်လည်းကောင်း၊ မော်တော်ယာဉ်ငယ်များဖြင့် လှည့်လည်၍သော်လည်းကောင်း ရောင်းချလျက်ရှိရာ ယခုအခါ ဩဇာသီးများ ရောင်းချလျက် ရှိသည်။ ဩဇာသီးသည် အနံ့အရသာနှင့် ပြည့်စုံ၍ လူကြိုက်များသည့် အသီးတစ်မျိုးဖြစ်သည်။ ဩဇာသီးများကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့သို့ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။ ဩဇာသီးဈေးနှုန်းများအနေဖြင့် အကြီး ၁ လုံးလျှင် ၂၀၀၀ ကျပ်၊ ၁၀ လုံး နှင့်အထက် ဝယ်ယူပါက ၁၈၀၀ ကျပ်ဖြင့် ရောင်းချပြီး၊ အသေး ၁ လုံးလျှင် ၁၀၀၀ ကျပ်၊ ဩဇာသီးအသေး ၁၀လုံးနှင့် အထက် ဝယ်ယူပါက ၈၀၀ ကျပ်ဖြင့်ရောင်းချပြီး ဩဇာသီးသည် ရာသီစာ သီးနှံဖြစ်ပြီး လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့်အတွက် အရောင်းအဝယ်သွက်ကြောင်း သစ်သီး ရောင်းချသည့် ဆိုင်များမှ သိရပါသည်။ DOCA(ပဲခူး)