
၂၀၂၅ ခုနှစ် ၊ ဇူလိုင်လ ၂၉ ရက်နေ့၊ နံနက် ၁၀း၀၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ သည် ထားဝယ်မြို့၊ ကမ်းနားလမ်းရှိ ဝါးနှင့်ခြံတိုင်များရောင်းချသည့် ဆိုင်သို့သွားရောက်၍ ဝါးဆိုင် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဒေသတွင်း ဝါးစိုက်ပျိုးထွက်ရှိမှုအခြေအနေများ၊ ဝါးအခြေခံ တန်ဖိုးမြှင့် ထုတ်ကုန်များဖြစ်သည့် မျှစ်၊ မျှစ်ချဥ်၊ မျှစ်ခြောက်၊ ဝါးထုတ်ကုန်ပရိဘောဂပစ္စည်းများနှင့် ပတ်သက်၍ ဆောင်ရွက်နေမှုအခြေအနေများ၊ စျေးကွက်အခြေအနေများအား မေးမြန်းဆွေးနွေး ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)