နန္ဒဝန်ဈေးသစ်တွင် ရောင်းချနေသော ညောင်ရွက်ဈေးနှုန်း

Powered by Drupal

      မုံရွာမြို့၊ နန္ဒဝန်ဈေးသစ်တွင် အခြားဒေသမှ ဝင်ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချလျက်ရှိရာ ယခုအခါ ဒေသထွက် ညောင်ရွက်များကိုလည်း ရောင်းချလျက်ရှိကြောင်း သိရသည်။ ညောင်ရွက်သည် ရာသီပေါ်သီးနှံဖြစ်ပြီး မြန်မာထမင်းဝိုင်းတွင် ထမင်း မြိန်စေသည့် အရွက်တစ်မျိုးလဲဖြစ်ပါသည်။ ညောင်ရွက်ကို မြေပဲဆံ၊ ပဲမှုန့်တို့ဖြင့် သုပ်၍သော်လည်းကောင်း ငပိရည်ဖြင့်တို့စား၍သော်လည်းကောင်း စားသုံးကြ၍ လူကြိုက်များသည့် အရွက်တစ်မျိုးဖြစ်ပါသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လနောက်ဆုံးပတ်တွင် မုံရွာမြို့၊ နန္ဒဝန်ဈေးသစ်တွင်ရောင်းချနေ သည့် ညောင်ရွက်ဈေးနှုန်းမှာ ညောင်ရွက်ပြုတ်(၁၀)ကျပ်သားလျှင် (၈၀၀)ကျပ်၊ ညောင်ရွက် ပြုတ် (၁)ပိဿာလျှင်  (၈၀၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း  ကုန်စိမ်းရောင်းချသည့် ဈေးသည်များထံမှ  သိရသည်။

DOCA(စစ်ကိုင်း)