
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများသည် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးလျက်ရှိရာ ယခုအခါ ကန်စွန်းရွက်များကို စိုက်ပျိုးလျက်ရှိပါသည်။ စိုက်ပျိုးရရှိသော ကန်စွန်းရွက်များကို မန်ကျဉ်းပင်ဈေးနှင့်သာစည်ဈေးများတွင် ရောင်းချကြကြောင်း သိရှိရပါသည်။
ကန်စွန်းရွက်ကို ဟင်းချက်ပြုတ်ရာတွင်လည်ကောင်း၊ အထောင်းစုံရောင်းသည့် ဆိုင်များနှင့် စားသောက်ဆိုင်များမှ ဝယ်ယူကြသဖြင့် ကန်စွန်းရွက်များ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းသူထံမှ သိရှိရပါသည်။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်တွင် ဖြစ်ပေါ်နေသော ကန်စွန်းရွက်ဈေးနှုန်းများမှာ ကန်စွန်းရွက် (၁)စည်းလျှင်(၂၀၀)ကျပ်၊ (၃)စည်းလျှင်(၅၀၀) ကျပ် ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)