တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ ကြက်သွန်ဖြူဈေးနှုန်း

Powered by Drupal

   တနင်္သာရိတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့နယ်အတွင်းရှိ မီးဖိုချောင်သုံးသီးနှံတစ်မျိုး ဖြစ်သည့် ကြက်သွန်ဖြူကို နေရာအနှံ့အပြားတွင် ရောင်းချကြပါသည်။ အခြားမြို့များမှ မြိတ်မြို့ဈေး ကွက်အတွင်း အပတ်စဥ် ဝင်ရောက်လျက်ရှိပြီး ဒေသစျေးကွက်တွင် လက်လီ/လက်ကားဝယ်ယူသူ များ၊ မြို့နယ်မှတစ်ဆင့် ပြန်လည်ရောင်းချသူများဖြင့် ပုံမှန်ဝယ်ယူ‌ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။ ယခုလတွင် ဈေးနှုန်းများလည်း တက်‌နေကြောင်းလည်း သိရှိရပါသည်။

      ၂၀၂၅ ခုနှစ် ယခင်ဇူလိုင်လတွင် ကြက်သွန်ဖြူဈေးနှုန်းများမှာ ကြူဂုတ်တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်နှင့် ကြက်သွန်ဖြူရှမ်း တစ်ပိဿာလျှင်(၁၁၀၀၀)ကျပ်ရှိပြီး ယခုသြဂုတ်လတွင် ကြက်သွန်ဖြူကြူဂုတ် တစ်ပိဿာလျှင်(၁၃၀၀၀) ကျပ်နှင့် ကြက်သွန်ဖြူရှမ်း တစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်ထိရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)