ကန့်ဘလူမြို့ဟင်းသီးဟင်းရွက်ဈေးတန်ရှိ မုန်ညင်းရွက်နှင့် မုန်ညင်းချဉ်ဈေးနှုန်း

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာစားဖိုဆောင်သီးနှံများကို ရာသီချိန်အလိုက် စိုက်ပျိုးကြကြောင်း၊ မုန်ညင်းရွက်ကို မြို့ပေါ်ရပ်ကွက် များတွင်သာမက ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်း မိမိတို့နေအိမ်ခြံဝင်းများ၊ ယာကွက်များတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြကြောင်း သိရှိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် မုန်ညင်းချဉ် (၁)ပုဂံလျှင် (၃၀၀)ကျပ်၊ (၂)ပုဂံလျှင် (၅၀၀)ကျပ်ဖြင့်လည်းကောင်း၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မုန်ညင်းရွက်လက်လီ(၁)စီးလျှင် (၃၀၀)ကျပ်၊ (၁၀)စီးလျှင် (၂၈၀၀)ကျပ်ဖြင့်လည်းကောင်း  လက္ကား(၂)စီးလျှင် (၅၀၀)ကျပ်နှင့် မုန်ညင်းရွက်(၄)စီးလျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ စားသောက်ဆိုင်များ၊ ထမင်းဆိုင်များစသည့်တို့မှ နေ့စဉ်ဝယ်ယူသည့်အတွက် အရောင်းအဝယ် ဖြစ်လျက်ရှိကာ မိသားစုအပိုဝင်ငွေရရှိကြောင်း ဟင်းသီးဟင်းရွက် ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)