ကန့်ဘလူမြို့ပဲဈေးကွက်တွင် ပဲဇီးကွက်သီးနှံဈေးနှုန်းကျဆင်း

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက် ရှိရာ ပဲဇီးကွက်သီးနှံကို ကန့်ဘလူမြို့နယ် ဆန္ဒယားကျေးရွာ၊ ကံကြီးကုန်းကျေးရွာနှင့် အခြားသော ကျေးရွာများတွင်လည်း စိုက်ပျိုးကြောင်း သိရှိရသည်။

  ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ပဲဇီးကွက်တစ်တင်းလျှင် (၈၈၅၀၀)ကျပ်၊ အကွဲအနာပါလျှင်(၈၈၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဇူလိုင်လနောက်ဆုံး ပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ပဲဇီးကွက်သီးနှံ(၁)တင်းလျှင် (၁၀၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူမြို့နယ်မှ ထွက်ရှိသော ပဲဇီးကွက် သီးနှံများကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့လျက်ရှိကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)