
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့သစ်သီးဈေးကွက်သို့ ဩဂုတ်လ ပထမပတ်အတွင်း မင်းကွတ်သီးနှင့် ကြက်မောက်သီးများ ဝင်ရောက်မှု လျော့နည်းလာကြောင်း၊ မင်းကွတ်သီးများသည် မော်လမြိုင်ဒေသထွက်နှင့် မန္တလေးတိုင်းဒေသကြီးမှလည်း ဝင်ရောက် ကြောင်းသိရှိရသည်။ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ကန့်ဘလူမြို့သစ်သီးဈေးကွက် တွင်မင်းကွတ်သီး အကြီး(၁)လုံးလျှင် (၅၀၀)ကျပ်၊ အသေး(၁)လုံး(၄၀၀)ကျပ် တို့ဖြင့်ရောင်းချ ကြောင်း၊ ဩဂုတ်လ ပထမပတ်အတွင်း ကြက်မောက်သီး အသေး(၁)လုံးလျှင် (၃၀၀)ကျပ်၊ အကြီး (၁)လုံးလျှင် (၅၀၀)ကျပ်နှင့် (၁၀)လုံးလျှင် (၄၈၀၀)ကျပ် တို့ဖြင့်ရောင်းချလျက်ရှိပြီး ယခုပတ်အတွင်း မင်းကွတ်သီးနှင့် ကြက်မောက်သီးများ အရောင်းသွက်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)