
မြန်မာလူမျိုးများ ခေါ်ဝေါ်သည့် အမည်(ငရုတ်)ဟူသည်မှာ ရုက္ခဗေဒ အမည်ဖြင့်(Capsicum spp) ဖြစ်ပါသည်။ Capsicum spp ဆိုသည့်အတိုင်း Capsicum ဓါတ်ပါဝင်မှုကြောင့် ငရုတ်သီးများတွင် အစပ်ဂုဏ်သတ္တိများ ရှိကြပါသည်။
ငရုတ်ပင်အမျိုးအစားအလိုက် အသီးသီးရာတွင် အချို့ငရုတ်သည် မိုးပေါ်သို့ထောင်သီးကြပြီး အချို့ငရုတ်မှာ အောက်သို့စိုက်၍သီးကြပါသည်။ ငရုတ်သီးအမျိုးအစားအလိုက် အသီးသီးပုံများ မတူညီ ကွဲပြားကြသကဲ့သို့ အသီး၏ ပုံသဏ္ဌာန်များမှာလဲ မတူညီကြပါ။ ငရုတ်သီး အရှည်၊ အပုနှင့် အဝိုင်းဟူ၍ အမျိုးမျိုးရှိကြပါသည်။
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးအတွင်း ဖြစ်ပေါ်နေသော ငရုတ်သီး ဈေးနှုန်းများမှာ ငရုတ်သီးခြောက်(အရှည်) တစ်ပိဿာလျှင်( ၁၆၀၀၀/- )ကျပ်၊ ငရုတ်သီးခြောက် (အပု) တစ်ပိဿာလျှင်( ၃၅၀၀၀/- )ကျပ်နှင့် ငရုတ်သီးအစိမ်း တစ်ဘူးလျှင် ( ၁၀၀၀/- )ကျပ်နှင့် (၂၀၀၀/- )ကျပ်ကြား အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ငရုတ်သီးများကို ကယားပြည်နယ်၊ လောပိတမြို့တွင် အနည်းငယ်စိုက်ပျိုးကြပြီး၊ ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နှင့် အောင်ပန်းမြို့တို့မှ ဝယ်ယူရောင်းချကြကြောင်း ငရုတ်သီးရောင်းချသော ဈေးသည်များထံမှ သိရှိရပါသည်။
DOCA(ကယား)