ကျွန်းလှမြို့၏ သကြားခွေနှင့် ဇီးပြားဈေးနှုန်း

Powered by Drupal

  ကျွန်းလှမြို့ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ရွှေဘိုမြို့မှ ဇီးပြားနှင့်သကြားခွေများကို ဖောက်သည်ယူ၍ ရောင်းချလျက်ရှိပါသည်။

  ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်တွင် ရောင်းချနေသော ဇီးပြား ဈေးနှုန်းများမှာ ဇီးပြားတစ်ပိဿာလျှင် (၇၅၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင် (၄၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး  အလားတူပင်သကြားခွေတစ်ပိဿာလျှင်(၇၈၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၄၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက် ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)