
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များ ဝယ်ယူနိုင်ရန်အတွက် အစားအသောက်ဝန်ဆောင်မှုပေးသည့်လုပ်ငန်းများနှင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသည့် ကုန်ပစ္စည်းအမျိုးမျိုးတို့အား လစဉ် ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက် ရှိရာ ၂၀၂၅-ခုနှစ် ဩဂုတ်လ(၁)ရက်နေ့၊နံနက်(၀၈:၀၀)နာရီအချိန်တွင် ကသာခရိုင်စားသုံးသူရေးရာဦးစီး ဌာန၊ ဒုတိယခရိုင်ဦးစီးမှူး ဦးကြည်နိုင်ဦးမှဦးဆောင်၍ ပူးပေါင်းဌာနများဖြစ်သည့် ခရိုင်ကျန်းမာရေးဦးစီး ဌာန၊ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်အခြေခံပညာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များဖြင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၁)မူလတန်းလွန် ကျောင်း များတွင် ရောင်းချလျက်ရှိသည့် ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါ သည်။
ထိုသို့စစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းများတွင် ရောင်းချလျက်ရှိသည့် မုန့်အမျိုးမျိုး၊ အချို ရည်အမျိုးမျိုး စသည်တို့တွင် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံ စွာ ပါဝင်မှု ရှိ/မရှိ၊ သက်တမ်းလွန်စားသောက်ကုန်များ ရှိ/မရှိ စစ်ဆေးခြင်း၊ ထို့ပြင် မြန်မာနိုင်ငံအစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် တားမြစ်စားသောက်ကုန်များရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ရောင်းချသူဆိုင်ရှင်များအား အစားအသောက်များ ရောင်းချရာတွင် ကျောင်းသား/သူများအတွက် ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များကိုသာ ရောင်းချရန်၊ အဓိကအနေဖြင့် သန့်ရှင်းသပ်ရပ်သော အစားအသောက်များကိုသာ ရောင်းချကြရန် ဆွေးနွေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)