ဇလွန်မြို့နယ် ဆန်စက်လုပ်ငန်းရှင်အသင်းနှင့်တွေ့ဆုံ၍ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးဆွေးနွေးခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၂၁.၇.၂၀၂၅)ရက်နေ့ နံနက် (၀၈:၃၀)နာရီအချိန်တွင် ဇလွန်မြို့နယ်၊ညောင်ပင်ဈေးရပ်ကွက်၊ ဦးဝိစာရလမ်းရှိ ဆန်စက်လုပ်ငန်းရှင်များအသင်း အဖွဲ့ဝင်  ဦးမြင့်စိန်နှင့်တွေ့ဆုံ၍ ဆန်စက်လုပ်ငန်းရှင်များအသင်းမှ လက်ရှိလှုပ်ရှားဆောင် ရွက်နေမှုများနှင့် မြို့နယ်အနေဖြင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ဆွေးနွေးခဲ့ရာတွင် အဖွဲ့ဝင် ဦးမြင့်စိန်က ဇလွန်မြို့နယ်ဆန်စက်လုပ်ငန်းရှင်များ အသင်းအနေဖြင့် ဒေသတွင်း ပြည်သူများ ဆန်ဝယ်ယူစားသုံးရာတွင် လုံလောက်မှုရှိစေရန် အသင်းမှ တာဝန်ရှိသူများနှင့် တိုင်ပင်ဆွေးပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ ဇလွန်မြို့နယ်အတွင်း သိုလှောင်ထားသော စပါးလက်ကျန်အနည်းငယ်အား ကြိတ်ခွဲ၍ ပြည်တွင်းစားသုံးမှုနှင့် ရန်ကုန်သို့ အနည်းငယ် တင်ပို့ဆောင်ရွက်လျက်ရှိကြောင်း မိုးစပါးများ မထွက်ပေါ်မီကာလအတွင်း တောင်သူများ၊ လက်လုပ် လက်စားနှင့် ကုန်သည်များအကြား  သင့်တင့်မျှတသော ဆန်ဈေးနှုန်းများ ဖြစ်စေရေး၊ ဆန်ဈေးနှုန်း ကြီးမြင့်စွာ ဝယ်ယူစားသုံးမှုမဖြစ်ပေါ်စေရေး၊ အခြေခံလူတန်းစားများ ဆန်လောက်ငှစွာ ဝယ်ယူစား သုံးနိုင်ရေးတို့အတွက် အသင်းအနေဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သိရှိရပါသည်။

DOCA (ဧရာဝတီ)