
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်ကိုနှင့် ဝန်ထမ်းတို့သည် ၂၀၂၅-ခုနှစ်၊ ဇူလိုင်လ ( ၂၁ )ရက်နေ့ နံနက် (10:00)အချိန်တွင် ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနရုံးတွင် အစားအုန်းဆီ ကိုယ်စားလှယ်များအား စားအုန်းဆီရောင်းချဖြန့်ဖြူးရာတွင် အချိန်အတွယ်ပြည့်ဝစွာရောင်းချပေးရန်၊ မိမိတို့ရရှိသည့် အရေအတွက်ကိုလည်း ပြည့်ဝစွာရောင်းချပေးရန် ပြောကြားဆွေးနွေးခဲ့ပါသည်။
အဆိုပါဆွေးနွေးမှုတွင် မိမိတို့ရရှိသည့် စားအုန်းဆီအရေအတွက်အား စားသုံးသူ ပြည်သူများသို့ ရောင်းချရာတွင်လည်း အရေအတွက်ပြည့်ဝစွာရောင်းချပေးရန်၊ ချိန်တွယ်ရာတွင်လည်း အချိန်အတွယ်ပြည့်ဝစွာ ရောင်းချပေးရန်၊ စားအုန်းဆီများအားရောင်းချရာတွင်လည်း ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများမပြုလုပ်ကြရန်၊ မိမိတို့ရောင်းချရန် ရရှိသည့်စားအုန်းဆီ အရေအတွက်အား စားသုံးသူပြည်သူများသို့ အပြည့်အဝရောင်းချပေးရန်တို့ကို ပြောကြားဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
(DOCA ဧရာဝတီ)