ဩဂုတ်လ ပထမပတ်၏ ခရမ်းချဉ်သီးနှင့် အာလူးဈေးနှုန်းများ

Powered by Drupal

  စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ချင်းတွင်းရတနာဈေး၊ မန်းကျည်းပင်ဈေး၊ ပြည်ထောင်စုဈေး၊ ဗန္ဓုလဈေး၊ သာစည်ဈေးနှင့် ဝန်ထမ်းအိမ်ရာရှိ နန္ဒဝန်ဈေးသစ်တို့တွင် ဩဂုတ်လ ပထမပတ်တွင် ရောင်းချနေသော ခရမ်းချဉ်သီးနှင့် အာလူးဈေးနှုန်းများအနေဖြင့်  ခရမ်းချဉ် တိုင်ထောင်သီး / အင်းသီး (၂၅) ကျပ်သားလျှင် ( ၁၃၀၀) ကျပ်၊ ( ၅၀ ) ကျပ်သားလျှင် (၂၆၀၀)ကျပ်၊ ၁ပိဿာ လျှင်  (၅၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ အာလူး အလုံးလှ ( ၂၅) ကျပ်သား လျှင် ( ၁၂၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင် ( ၂၄၀၀)ကျပ်နှင့် ( ၁ ) ပိဿာလျှင် ( ၄၅၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိရာ ယခင်ဇူလိုင်လ နောက်ဆုံးပတ်နှင့် နှိုင်းယှဉ်ပါက အာလူးဈေးနှုန်းငြိမ်နေပြီး ခရမ်းချဉ်သီးဈေးနှုန်းအနေဖြင့် ( ၅၀၀)ကျပ်ခန့် မြင့်တက်လာကြောင်း သိရသည်။

DOCA(စစ်ကိုင်း)