ရန်ကုန်သီရိမင်္ဂလာဈေးမှ နာနတ်သီးများ အမူပင် ဈေးကွက်အတွင်း အများအပြားဝင်ရောက် လျက်ရှိ

Powered by Drupal

          မအူပင်ခရိုင်တွင် မိုးတွင်းကာလ၌ ဒေသထွက် သီးနှံများ စိုက်ပျိုးမှုနှင့် ထွက်ရှိမှု နည်းပါးသောကြောင့် ရန်ကုန်မှ သစ်သီးဝလံများကို မှာယူရောင်းချနေကြောင်း မအူပင်ဈေးကွက်အတွင်းမှ သိရသည်။ မအူပင် မင်္ဂလာဈေးနှင့်၊ အခွန်လွတ်ဈေးတွင် ဇူလိုင်လအတွင်း နာနတ်သီးများ ရောင်းချနေကြောင်း တွေ့ရှိရသည်။

         နာနတ်သီး ဈေးနှုန်းအနေဖြင့် ၁လုံးလျှင် ၂၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး၊ နာနတ်သီးများကို ရန်ကုန်သီရိမင်္လာဈေးမှ  (၂၅)လုံးပါ တခြင်းလျှင် ငွေကျပ် ၄၅၀၀၀ဖြင့် ဝယ်ယူရပြီး တန်ဆာက တစ်ခြင်း ၅၀၀၀ကျပ် စုစုပေါင်း ရင်းနှီငွေ ၅၀၀၀၀ကျပ် ကုန်ကျကြောင်း ရောင်းချသူထံမှ သိရသည်။ နာနတ်သီး တစ်ခြင်းရောင်းကုန်ပါက ငွေကျပ် ၁၂၅၀၀ကျပ် အကျိုးအမြတ်ကျန်ရှိသည်၊၊ သစ်သီးဝလံကားများ ရန်ကုန်မှ နေ့စဉ် ဝင်ရောက်နေပြီး နာနတ်သီး ၁၀ခြင်းမှာယူ၍ ၁ပါတ်အတွင်း ရောင်းကုန်ကျောင်းနှင့် စားသောက်ဆိုင်ကြီးများမှ သစ်သီးဖျော်ရည်ရောင်းချရန်၊ ဝါတွင်းကာလ အလှုများပေါများသောကြောင့် ဝယ်ယူခြင်းများရှိသောကြောင့် နာနတ်သီးများ ရောင်းအားကောင်းလျက်ရှိသည်။ ပွင်လင်းရာသီတွင် နာနတ်သီးအဝင်ရှား၍ ဈေးပိုကြီးကြောင်း ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)