
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီး ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် (၂၈.၇.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မကွေးမြို့ ပေါ်ရှိ အွန်လိုင်းစနစ်ဖြင့် ရောင်းချမည့် "ဇွဲထက်" ဆန်ဆီ ရောင်းဝယ်ရေးလုပ်ငန်းရှင်အား ကုန်သွယ် ရေးဦးစီးဌာနသို့ အွန်လိုင်း မှတ်ပုံတင်လက်မှတ်လျှောက်ထားသည့် အချက်အလက်များ ကိုက်ညီမှု ရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အွန်လိုင်းမှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က အချက် အလက်များနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့သည့် အချက်အလက်များမှာ ကိုက်ညီမှုရှိကြောင်း စစ် ဆေးတွေ့ရှိရပြီး အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းဆိုင်ရာ အမိန့်ကြော်ငြာစာများ၊ အွန်လိုင်း မှတ်ပုံတင် လက်မှတ်ရရှိထားသူ၏တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ၊ အခြားသိကောင်းစရာ များနှင့် စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရ သည်။
DOCA(မကွေး)