
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ဘုရားပန်း အမျိုးမျိုးဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ စိန်လည်တုံ၊ နှင်းဆီ၊ ခရေပန်း၊ စကားဝါပန်း၊ မေမြို့ပန်း (အက်စတာ)၊ ကျောက်စိမ်းပန်း မြေမြို့ပန်း (ကြက်လည်ဆံ) သပြေပန်း(အောင်သပြေ)အငုတ်၊ အောင်သပြေ အခက်များနှင့် အာစီယံသပြေ တို့ကို မိမိတို့ ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချကြောင်း သိရှိရပါသည်။
ဇွန်ပန်းနှင့် ခရေပန်းတို့သည် ဘုရားပန်းကပ်လှူပူးဇော်ရာတွင် အသုံးပြုကြသလို ဈေးဆိုင်များ၊ ကားများ၊ သုံးဘီးဆိုင်ကယ်များနှင့် ဆိုက်ကားများတွင် မင်္ဂလာကျက်သရေရှိစွာ ချိတ်ဆွဲကြသည့်အတွက် ရောင်းအားကောင်းသော ပန်းများဖြစ်ပါသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်တွင် သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်နေသော ခရေပန်း ဈေးနှုန်းအနေဖြင့် ခရေပန်း တစ်ကုံးလျှင်(၃၅၀)ကျပ်၊ ခရေပန်း(၃)ကုံးလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချကာ ဇွန်ပန်း ဈေးနှုန်းအနေဖြင့် ဇွန်ပန်း တစ်ကုံးလျှင်(၃၀၀)ကျပ်၊ (၂)ကုံးလျှင်(၅၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဇွန်ပန်း နှင့် ခရေပန်းသည် ရာသီချိန် ကုန်ခါနီး၍ အနည်းငယ်ရှားပါးလာပြီး ရောင်းအားကောင်းလျက်ရှိကြောင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ဘုရားပန်းမျိုးစုံ ရောင်းချနေသော ပန်းသည်ထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)