
ကျွန်းလှမြို့ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် နှမ်းပျစ်ယိုများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့ တို့မှ မှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော နှမ်းပျစ်ယို ဈေးနှုန်းများမှာ နှမ်းပျစ်ယို တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၆၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း၊ ဇီးပြား ဈေးနှုန်းအနေဖြင့် ဇီးပြား တစ်ပိဿာလျှင်(၇၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၄၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း၊ ကြံသကာ ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် လည်းကောင်း၊ သကြားခွေ ဈေးနှုန်း အနေဖြင့် သကြားခွေ တစ်ပိဿာလျှင်(၇၈၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၄၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံ ရောင်းချနေသည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)