နှမ်းစျေးအနည်းငယ်ကျဆင်း

Powered by Drupal

   ပြည်တွင်းစားဆီကြိတ်ခွဲမှုနှင့် ပြည်ပသို့တင်ပို့သည့်နှမ်းအား မန္တလေးတိုင်းဒေသကြီး အတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးမှု ၁၁၀၅၈၀၁ ဧက၊ရိတ်သိမ်းမှု ၁၀၂၃၁၁၀ ဧက၊ အထွက် နှုန်း ၅.၄၀ တင်းနှင့် အထွက်စုစုပေါင်း ၅၅၂၃၅၀၃ တင်းဖြစ်ကြောင်း သိရပါသည်။  မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်ဇူလိုင်လစတုတ္ထပတ်အတွင်း နှမ်းအမျိုးအစားအလိုက်ပေါက်စျေးများမှာ ၃တင်းဝင်အိတ် (၄၅ပိဿာပါ) တစ်အိတ်လျှင် နှမ်းဖြူ (ဂျပန်) ၃၆၀၀၀၀ ကျပ်နှင့် ၃၇၀၀၀၀ ကျပ်၊ နှမ်းဖြူ (ဗမာ) ၃၀၀၀၀ဝ ကျပ်နှင့် ၃၀၅၀၀ဝ ကျပ်၊ နှမ်းညို ၂၇၅၀၀၀ ကျပ်နှင့် ၂၈၅၀၀၀ ကျပ်၊ပန်းနှမ်း  ၃၃၀၀၀၀ ကျပ်၊ တစ်ပိဿာစျေးမှာ နှမ်းဖြူ (ဂျပန်) ၈၀၀၀ ကျပ်နှင့် ၈၂၂၂ ကျပ်၊ နှမ်းဖြူ (ဗမာ)၆၆၆၇ ကျပ်နှင့် ၆၇၇၈ ကျပ်၊ နှမ်းညို ၆၁၁၁ ကျပ်နှင့် ၆၃၃၃ ကျပ်၊ပန်းနှမ်း ၇၃၃၃ ကျပ်စျေးတို့ဖြစ်ပေါ်လျက်ရှိကြောင်း သိရပါသည်။ ယခင်နှစ် ကာလတူ ပေါက်စျေးမှာ တစ်ပိဿာလျှင် နှမ်းဖြူ(ဂျပန်) ၉၇၇၈ ကျပ်နှင့် ၁၀၀၀၀ ကျပ်၊ နှမ်းဖြူ (ရိုးရိုး) ၈၅၅၆ ကျပ်နှင့် ၈၇၇၈ ကျပ်၊နှမ်းညို  ၇၃၃၃ကျပ်နှင့် ၇၅၅၆ ကျပ်၊ ပန်းနှမ်း ၄၆၆၆ ကျပ်တို့ဖြစ်ပေါ်ခဲ့ပြီး၊ ယခုနှစ်နှင့်ယခင်နှစ်ကာလတူစျေးနှိုင်းယှဉ်ပါက နှမ်းစျေးမှာ အနည်းငယ် ကျဆင်းသွားကြောင်း သိရပါသည်။

DOCA(မန္တလေး)