TV ဝယ်ယူခြင်းနှင့်ပတ်သက်၍ တိုင်ကြားလာခြင်းအပေါ် ဖြေရှင်းပေးမှုအခြေအနေ

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်နေ တိုင်ကြားသူ တစ်ဦးသည် Electronic အရောင်းဆိုင်တစ်ခုမှ ၃-၂-၂၀၂၄ ရက်နေ့ တွင် ငွေ ကျပ် ၃၃၅,၀၀၀/- ဖြင့်TV ဝယ်ယူခဲ့ပြီး (၂) ပတ်အကြာ TV အသံပျောက်သွားသည့်အတွက် ဆိုင်သို့ဖုန်းဆက်မေးမြန်းခဲ့ရာ ဆိုင်မှ ပြောကြားသည့်အတိုင်း ဆောင်ရွက်ခဲ့သော်လည်း အဆင်ပြေမှုမရှိ သည့်အတွက် ပြန်လည်ပြင်ဆင်နိုင်ရေး ဆိုင်သို့ပို့ဆောင်ခဲ့ရာ (၁)ပတ်ခန့်ကြာမြင့်မည်ဟု ပြောကြား ခဲ့ပါကြောင်း၊ ၁၀-၃-၂၀၂၄ ရက်နေ့တွင် ဆိုင်၏ Facebook Page မှ Live Sale ရောင်းချနေသည်ကို တွေ့ရှိရသည့်အတွက် အပ်နှံထားသည့် TV အခြေအနေအား ဝင်ရောက်မေးမြန်းခဲ့သော်လည်း ပြန် လည် ဖြေကြားခြင်းမရှိသည့်အပြင် မိမိ၏ Facebook အကောင့်အား Ban ခဲ့ပါကြောင်း၊ အခြား Facebook အကောင့်ဖြင့် ထပ်မံဝင်ရောက် ရေးသားရာတွင်လည်း Ban နေသည့်အတွက် အဆင်မပြေကြောင်း ရေးသားခဲ့ရာ ဆိုင်မှထိုသို့ရေးသားခဲ့သည့်အတွက် အာမခံသက်တမ်း (၂)နှစ် ပေးအပ်ထား သော်လည်း ပြန်လည်ပြုပြင်ပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါကြောင်းနှင့် TV အားလာရောက် ယူဆောင်သွားရန် ဆက်သွယ်ပြောကြားလာသဖြင့် စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်တိုင် ကြားလာပါသည်။

    ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှတာဝန်ရှိသူများက တိုင်ကြား သူနှင့် တိုင်ကြားခံရသည့်စီးပွားရေးလုပ်ငန်းရှင်တို့အား (၃)ကြိမ်တိုင်တိုင်အကြောင်းကြားစာ ပေးပို့ခဲ့ သော်လည်း လုပ်ငန်းရှင်အနေဖြင့် ဌာနမှပေးပို့သည့်စာအား လက်ခံခြင်းမရှိသည့်အပြင် လာရောက် ဖြေရှင်းမှုလည်း မရှိခဲ့ပါ။ တိုင်ကြားသူမှ လာရောက်တွေ့ဆုံ၍ ယခုလက်ရှိတွင် TV ပြင်ဆင်ပေးပို့၍ ပြန်လည်ရရှိနေပြီဖြစ်ပါကြောင်း၊ ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးစေလိုပါကြောင်း၊ လုပ်ငန်း ရှင်သည် စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၂၆(ခ) အရ ပြည့်စုံသောဝန်ဆောင်မှု အဆင့်အတန်းနှင့် အညီ ပြည့်ဝစွာပေးအပ်မှုမရှိ ခြင်းကြောင့် စားသုံးသူရေးရာကော်မတီ အစည်းအဝေး (၅/၂၀၂၄)တွင် အမှာစာဖြင့် တင်ပြဆွေးနွေးခဲ့ရာ စီးပွားရေးလုပ်ငန်းရှင်အား စားသုံးသူရေးရာကော်မတီအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၅၃၊ ပုဒ်မခွဲ (ဃ) အရ လုပ်ငန်းလိုင်စင်ယာယီပိတ်သိမ်းခြင်း သို့မဟုတ် အမြဲတမ်းပိတ်သိမ်းခြင်းကို သက်ဆိုင်ရာအစိုးရဌာနက ပြုလုပ်နိုင်ရေးညှိနှိုင်းဆောင်ရွက် သွားရန် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့တင်ပြ၍ လမ်းညွှန်မှုခံယူသွားရန် ဆုံးဖြတ်ခဲ့ပါသည်။ တိုင်ကြား ခံရသည့် Electronic ဆိုင်အား လုပ်ငန်းလိုင်စင်ယာယီပိတ်သိမ်းနိုင်ရေး ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ စီမံရေးရာဌာနခွဲသို့ အကြောင်းကြားဆောင်ရွက်ခဲ့ရာ ၁၀-၆-၂၀၂၅ ရက်နေ့ တွင်ကျင်းပပြုလုပ်သော ကော်မတီဝင်များအစည်းအဝေး(၁၅/၂၀၂၅) ဆုံးဖြတ်ချက်အရ “လုပ်ငန်းရှင် အနေဖြင့်သက်ဆိုင်ရာဌာန၏ ဥပဒေပြဋ္ဌာန်းချက်ကို လိုက်နာရန်ပျက်ကွက်ခဲ့ခြင်းသည် ကော်မတီက ခွင့်ပြုသည့် လိုင်စင်ပါစည်ကမ်းချက်အမှတ်(၃)ကို ဖောက်ဖျက်ကြောင်း” စိစစ်တွေ့ရှိရသဖြင့် ရန်ကုန် မြို့တော်စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၂၈၁(ဂ) အရ ခွင့်ပြုထားသည့်လိုင်စင်အား ပိတ်သိမ်းထားပြီးဖြစ်ပါကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ပြန်လည်ဖွင့်လှစ်ခွင့်ပြုရန် အကြောင်းကြားစာရရှိ မှသာ အဆိုပါလုပ်ငန်းအား သတ်မှတ် SOP နှင့်အညီစိစစ်၍ လိုင်စင်ပြန်လည် ခွင့်ပြုသွားမည်ဖြစ်ပါကြောင်း အကြောင်းပြန်ကြားလာသည့်အတွက် ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌထံ တင်ပြလမ်းညွှန်မှုခံယူခဲ့ပြီး Electronic ဆိုင်အား ၂-၇-၂၀၂၅ ရက်နေ့မှစ၍ လုပ်ငန်းလိုင်စင် (၆)လ ယာယီပိတ်သိမ်းပေးရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ အကြောင်းကြား ခဲ့ပြီးအခြေအနေများအား တိုင်ကြားသူထံ အကြောင်းပြန်ကြားပြီးဖြစ်ပါသောကြောင့် တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။