“ သုံးခွမြို့နယ်တွင် စားသုံးဆီအမျိုးမျိုးနှင့်စပ်လျဉ်း၍ကုန်အညွှန်းအမှတ်အသား ဖော်ပြရာ၌ ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)နှင့်ကိုက်ညီမှုရှိ/မရှိစစ်ဆေးခြင်း”

Powered by Drupal

      ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းချသောဆိုင်များသို့ စားသုံးဆီမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြရာ၌ ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)နှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်းအား ဩဂုတ်လ (၇)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့တို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စည်ပင်သာယာမြို့မဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းချ သည့်ဆိုင်များတွင် စားသုံးဆီအမျိုးမျိုးနှင့် စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာ၌ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အပြင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံ၍ ဖော်ပြရာတွင် သက်ဆိုင် ရာ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ဟင်းသီးဟင်းရွက် (Vegetble Oil, Cooking Oil) နှင့်စပ်လျဉ်းသော ကုန်အညွှန်းအမှတ်အသား ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)အား ဖော်ပြထား ခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

        ထို့နောက် စားသုံးဆီအမျိုးမျိုး ရောင်းချသော လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ် အသားညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အပြင် (၁/၂၀၂၁)တို့နှင့် ကိုက်ညီမှုမရှိသည့် စားသုံးဆီများ အားရောင်းချခြင်း မပြုလုပ်ကြရန်၊ ထိုသို့ ပြုလုပ်ပါက စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပညာပေး၍ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိ ရပါသည်။

          DOCA(ရန်ကုန်)