အာလူးကြော်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ပါဝင်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃) ဦးတို့ သည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ Ocean Super Center သို့ (၆.၈.၂၀၂၅)ရက်နေ့ နေ့လည် (၁:၀၀)နာရီအချိန်တွင် အသင့်စားအာလူးကြော်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်သား ပြည့်စုံခြင်း ရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

        ထိုသို့စစ်ဆေးခဲ့ရာတွင် Ocean Super Center မှ တာဝန်ခံပူးပေါင်းပါဝင်လျက် အာလူး ကြော် အမျိုးမျိုးဖြစ်သော ခင်(ကျောက်ပန်းတောင်း)၊ Mr-Potato (ဇကာအချို/အစပ်)၊ ထိမိဂွိ ဟိဏ်းသစ် (အောင်ပန်း၊ အစပ်၊ အချို)၊ ညီမသုံးဖော်(အစပ်)၊ Naychi (အစုံကြော်)၊ Gu Gu (အောင်ပန်း၊ အစပ်) နှင့် ဘော်ဒါကြီး(ကိုးမျိုးစပ်)တို့တွင် ကုန်အညွှန်း အမှတ်အသားများကို မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသားဖော်ပြရမည့် အသေးစိတ်စိစစ်ချက်များအတိုင်း ပြည့်စုံစွာထည့်သွင်းဖော်ပြထားသည် ကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။

      DOCA (ရန်ကုန်)