ကမာရွတ်မြို့နယ် အ.ထ.က(၃) တွင် စားသုံးသူအသိပညာပေးဟောပြောခြင်း

Powered by Drupal

  ၁၅.၇.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ  ဒု-ကြီးကြပ်ရေးမှူး ဒေါ်မြတ်မွန်နှင့် ဝန်ထမ်း(၂) ဦးတို့သည် နံနက်(၁၀:၃၀)အချိန်တွင် ကမာရွတ် မြို့နယ် အထက(၃) တွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းမြင့်ဦးဆောင်၍ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ(၁၀၀) ကျော်တို့အား စားသုံးသူကာကွယ်ရေးဥပဒေ အသက်ဝင်သည့် နေ့နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး(၈) ချက်နှင့် တာဝန်(၅)ချက် တို့အား ရှင်းလင်းပြောကြားခဲ့ပြီး စားအုန်းဆီများအား ဘာ့ကြောင့် တင်သွင်းနေသလဲ၊ စားအုန်းဆီအခြေနေများ၊ တင်သွင်းသောနိုင်ငံများနှင့် ကုန်စည်ဝယ်ယူသုံးစွဲရာတွင် ဆုံးရှုံးနစ်နာ မှုများဖြစ်လျှင် တိုင်ကြားနိုင်ကြောင်း၊ ဌာန၏လုပ်ဆောင်ချက်များ၊ တိုင်ကြားမှုများ ဖြစ်ပေါ်လာလျှင် စားသုံးသူနှင့်လုပ်ငန်းရှင်အ ကြားစေ့စပ်ညှိနှိုင်းပေးမှုများရှိကြောင်း၊ မြန်မာနိုင်ငံ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန မှ စားသောက်ရန်မသင့်သော အစားအသောက်များ၊ သုံးစွဲရန်မသင့်သောအလှကုန်ပစ္စည်းများနှင့် ဆေးဝါးများသုံးစွဲရာတွင် ဆရာဝန်ညွှန်ကြားချက်ရှိသော ဆေးဝါးများနှင့် ညွှန်ကြားချက်မရှိသော ဆေးဝါးများအကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း  သိရှိရပါသည်။

DOCA(ရန်ကုန်)