
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့၊ နေ့လည် (၁၄း၃၀)နာရီ အချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် အထူးစုံစမ်းစစ် ဆေးရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ဗဟိုစာရင်းအင်းအဖွဲ့တို့နှင့်ပူးပေါင်း၍ စျေးနှုန်းများ ထားဝယ်မြို့ပေါ် ရှိ ဘိလပ်မြေဆိုင်များအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးရာတွင် ဘိလပ်မြေစျေးနှုန်းအခြေအနေများ သင့်တင့်မျှတ စွာဖြင့် တည်ငြိမ်မှန်ကန်စေရေးအတွက် ဘိလပ်မြေစျေးနှုန်းများ စျေးနှုန်းမြှင့်တင်ရောင်းချမှုများ ရှိ/မရှိ၊ ဘိလပ်မြေများ ပြတ်လပ်မှုရှိ/မရှိနှင့် ဝိသမလောဘဖြင့် သိုလှောင်မှုများ ရှိ/မရှိ စစ်ဆေးခြင်း များ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (တနင်္သာရီ)