ရုံးချုပ်မှ ကျင်းပပြုလုပ်သော ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲသို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တက်ရောက်ခြင်း

Powered by Drupal

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့၊ နံနက် (၉း၃၀)နာရီအချိန်တွင်  စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်မှ ကျင်းပပြုလုပ်သော (၇/၂၀၂၅) ကြိမ်မြောက် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားသို့ စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီ တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ခရိုင်ရုံးများရှိဝန်ထမ်းများမှ online virtual ဖြင့် တက်ရောက်ခဲ့ပါ သည်။  

          အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်မှ လမ်းညွှန်အမှာစကား ပြောကြားခဲ့ပြီး ရုံးချုပ်၊ စီမံရေးရာဌာနခွဲမှ ညွှန်ကြားရေးမှူးမှ(၆/၂၀၂၅)ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲမှ ဆုံးဖြတ်ချက်များ အပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပါသည်။

   ဆက်လက်၍ ရုံးချုပ်၊ဌာနခွဲများနှင့်တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးမှ အရာထမ်း/အမှုထမ်း များမှ လိုအပ်သည်များအား ဆွေးနွေးတင်ပြခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်အမှာစကား ပြော ကြားခဲ့ကာ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲအခမ်းအနားအား  ရုတ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA (တနင်္သာရီ)