ကံမမြို့၌ ဝန်ဆောင်မှုကဏ္ဍနှင့် စပ်လျဉ်း၍ အသိပညာပေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံသည် (၁၆--၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃း၃၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ပူးပေါင်း၍ အမှတ်(၂)ရပ်ကွက်ရှိ အစားအသောက်ရောင်းချသည့် လက်ဖက်ရည်နှင့် စားဖွယ်စုံ ဆိုင်(၂)ဆိုင်အား ဝန်ဆောင်မှုကဏ္ဍနှင့် စပ်လျဉ်း၍ ကွင်းဆင်းအသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

      ကံမမြို့နယ်တာဝန်ခံနှင့် ပူးပေါင်းအဖွဲ့သည် အစားအသောက်ရောင်းချသည့် လက်ဖက်ရည် နှင့် စားဖွယ်စုံဆိုင် ပိုင်ရှင်များအား အစားအသောက်ပြုပြင် ရောင်းချသည့်နေရာများ သန့်ရှင်းမှုရှိစေ ရန်၊ အစားအသောက် ကိုင်တွယ်ချက်ပြုတ်သူများ၊ ဝန်ဆောင်မှုပေးသူ များ၏ တကိုယ်ရည် သန့်ရှင်းမှုရှိစေရန်၊ အစားအသောက်များ လတ်ဆတ်သန့်ရှင်းမှုရှိစေရန်၊ မိမိတို့စားသောက်ဆိုင်များမှ ပေးအပ်သော ဝန်ဆောင်မှုများနှင့်စပ်လျဥ်း၍ စားသုံးသူများအား လုံလောက်သည့် သတင်းအချက် အလက်များကို စားသုံးသူ မသုံးစွဲခင် ကြိုတင်အသိပေးဖော်ပြထားရန်၊ ဝန်ဆောင်မှုပေးအပ်သည့် အဖိုးအခငွေများ မည်မျှကောက်ခံသွားမည်ဖြစ်ကြောင်းကို ကြိုတင်အသိပေးဖော်ပြသွားရန်နှင့် စားသုံးသူကာကွယ် ရေးဥပဒေပါ အခန်း(၁၃) ပုဒ်မ(၂၆/၂၇)တွင် ပါရှိသည့် ဝန်ဆောင်မှုနှင့် စပ်လျဥ်း၍ အာမခံချက် ပေးခြင်းအကြောင်းအရာများအား အသေးစိတ်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)