ကံမမြို့ပေါ်ရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

  မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် (၁၅--၂၀၂၅) ရက်နေ့၊ နံနက် (၀၈း၃၀)နာရီအချိန်တွင် မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ပူးပေါင်း၍ အမှတ်(၃)ရပ်ကွက်ရှိ ကုန်စုံဆိုင်(၃) ဆိုင်သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

 သောက်ရေသန့်ဘူးများတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှ ထုတ်ပြန်ထား သည့် ညွှန်ကြားချက်အမှတ် (/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ပြခြင်း ရှိ/မရှိ၊ မြန်မာဘာသာဖြင့် ဖော်ပြရမည့် အချက်များအား မဖြစ်မနေ ထည့်သွင်း ဖော်ပြခြင်းရှိ/မရှိနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေး ခဲ့ရာ  ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး  ကံမမြို့နယ် တာဝန်ခံက စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက် ပေးခြင်းဆိုင်ရာ အချက်အလက်များ အကြောင်းအား အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။

DOCA(မကွေး)