ကံမမြို့၊ စည်ပင်သာယာအစည်းအဝေးခန်းမ၌ လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောပွဲဆောင်ရွက်

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းသည် (၁၄.၇.၂၀၂၅)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ကံမမြို့၊ စည်ပင်သာယာ အစည်းအဝေးခန်းမ၌ စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
  အဆိုပါဟောပြောပွဲတွင် ကံမမြို့နယ် တာဝန်ခံက စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ အကြောင်းနှင့် ထုတ်လုပ်သည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ  ပြည့်စုံစွာ ထည့်သွင်းဖော်ပြခြင်းအကြောင်းအရာများအားလည်းကောင်း၊ စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင် အရာရှိက စီးပွားရေးလုပ်ငန်း ရှင်များအား မိမိတို့ဒေသထွက် ထုတ်လုပ်သည့် ကုန်စည်များကို ခရီးသွားဧည့်သည်များ လွယ်လင့်တကူလက်ဆောင် ဝယ်ယူနိုင်ရန်အတွက် တည်းခိုခန်းများ၊ စားသောက်ဆိုင်များတွင်ခင်းကျင်းပြသ ရောင်းချစေရေးအကြောင်းအားလည်းကောင်း အသေးစိတ် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

DOCA(မကွေး)