
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၅.၇.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀) အချိန်တွင် ပခုက္ကူမြို့ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမ(၅)ဦး၊ ကျောင်းသား/သူ(၂၄၇)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဌာနခွဲတာဝန်ခံက စားသုံးသူအခွင့်အရေးနှင့် လိုက်နာရမည့် တာဝန်များ၊ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်ကြားခြင်းနှင့် ကုစားခွင့်များ အကြောင်းအားလည်းကောင်း၊ ငွေစာရင်းဌာနခွဲမှ ဝန်ထမ်းတစ်ဦးက ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်(၈)ချက်အကြောင်းအားလည်းကောင်း၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် သုတေသန ဌာနခွဲမှ ဝန်ထမ်း က စားသုံးသူ ပြည်သူများအတွက် စားသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုများကို ဖြေရှင်းပေးနိုင်သည့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေး စင်တာ(CICC)ဖွင့်လှစ်ထားရှိမှု၊ တိုင်ကြားနိုင်သည့် ပုဂ္ဂိုလ်များနှင့်နေရာများအကြောင်း အားလည်း ကောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး ကျောင်းသား/ကျောင်းသူများမှ သိလိုသည်များ မေးမြန်းခြင်းအပေါ် ပြန်လည်ဖြေကြားပေးခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ပေးအပ် ခဲ့ကြောင်း သိရသည်။
DOCA(မကွေး)