ကျိုက်မရောမြို့နယ်၊ အ.မ.က (၂)မူလတန်းလွန်ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာ‌ပေး ဟောပြောပွဲကျင်းပပြုလုပ်

Powered by Drupal

  ၁၈.၇.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးစိုးညီညီသည် ကျိုက်မရောမြို့နယ်၊ အ.မ.က (၂) မူလတန်းလွန် ကျောင်း၌ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင် ရာ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

  အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ကျိုက်မရောမြို့နယ် တာဝန်ခံသည် စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေး(၈)ချက်တို့ကို ရှင်းလင်းဟောပြောခြင်း၊ ကျောင်းသား၊ ကျောင်းသူများသည် အသင့်စားအစားအစာများကို ဝယ်ယူအသုံးပြုရာတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသည့် အစားအစာများကို ရွေးချယ်ဝယ်ယူအသုံးပြုရန် နမူနာ ပစ္စည်းများဖြင့် ရှင်းလင်းခြင်း၊ သက်တမ်းကုန်ဆုံးရက်စွဲများ သေချာသိရှိနားလည်စေရန် ပုံစံနမူနာပြသ၍ အပြန်အလှန် မေးမြန်းခြင်းတို့ကို အသိပညာ‌ပေး ဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အသင့်စားမုန့်ထုတ်များကို ဖြန့်ဝေပေးခဲ့ပြီး အသိပညာပေး ဟောပြောပွဲသို့ ဆရာ၊ ဆရာမ (၆)ဦး နှင့် ကျောင်းသား၊ ကျောင်းသူ (၅၄)ဦး၊ စုစုပေါင်း (၆၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)