မုဒုံမြို့နယ်တာဝန်ခံမှ မွန်ပြည်နယ်ဝန်ကြီးချုပ်ခရီးစဉ်တွင် လိုက်ပါဆောင်ရွက်ခြင်း

Powered by Drupal

  ၁၆.၇.၂၀၂၅ ရက်နေ့ နံနက် (၀၈:၃၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ် တာဝန်ခံသည် မွန်ပြည်နယ်ဝန်ကြီးချုပ် ၏ မုဒုံမြို့နယ်ခရီးစဉ်တွင် လိုက်ပါဆောင်ရွက်ခဲ့သည်။ မွန်ပြည်နယ်ဝန်ကြီးချုပ်၏ ခရီးစဉ်တွင် ဝန်ကြီးချုပ်နှင့်အတူ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများလိုက်ပါလျှက် မုဒုံမြို့နယ်၊ ကျုံဖိုက်ကျေးရွာ၊ မော်လမြိုင်-သံဖြူဇရပ် ကားလမ်းရှိ နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံသို့ ရောက်ရှိလာခဲ့ရာ တာဝန်ရှိ သူတို့မှ ကြိုဆိုခဲ့ကြပြီး ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ နှစ်ရှည်ဧည့်ခန်းမ၌ SRI TRANG Co. Ltd ခရမ့်ရော်ဘာအချောထည်စက်ရုံ လက်ထောက်စက်ရုံမှူးနှင့် တာဝန်ရှိသူများ အပါအဝင် စုစုပေါင်း ၄၅ ဦးတို့နှင့် တွေ့ဆုံကာ မွန်ပြည်နယ်ရင်းနှီးမြှပ်နှံမှု ကော်မတီမှ ခွင့်ပြုထားသော ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုလုပ်ငန်းဖြစ်သည့် SRI TRANG Co. Ltd ခရမ့်ရော်ဘာ အချောထည်စက်ရုံ လည်ပတ်မှုအခြေအနေ၊ ပြည်ပတင်ပို့မှုအခြေအနေတို့နှင့် ပက်သက်၍ စက်ရုံတာဝန်ရှိသူများမှ ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြခဲ့ကြသည်။

    ဆက်လက်၍ ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများသည် (၀၉:၂၅) အချိန် နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံမှ SRI TRANG Co. Ltd ခရမ့်ရော်ဘာ အချောထည်စက်ရုံသို့ ထွက်ခွာလာခဲ့ရာ (၀၉:၃၀) အချိန် ရောက်ရှိလာခဲ့ပြီး SRI TRANG Co. Ltd ခရမ့်ရော်ဘာအချောထည်စက်ရုံ လည်ပတ်မှု အခြေအနေနှင့် ပြည်ပတင်ပို့ကုန် ရော်ဘာ အချောထည် ထုတ်လုပ်မှုတို့အား လိုက်လံကြည့်ရှု့ စစ်ဆေးခဲ့ကာ လက်ထောက်စက်ရုံမှူး ဒေါ်မြကဗျာဟိန်းနှင့် စက်ရုံမန်နေဂျာ ဦးမျိုးမင်းခိုင်တို့မှ စက်ရုံလည်ပတ်မှုနှင့် ရော်ဘာ အချောထည် အဆင့်ဆင့်ထုတ်လုပ်မှု၊ ပြည်ပတင်ပို့ကုန်အဖြင့် ထုတ်ပိုမှုအခြေအနေတို့အား လိုက်လံရှင်းလင်း တင်ပြခဲ့ကြကြောင်း သိရှိရသည်။

DOCA (မွန်)