
စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏ လမ်းညွှန်ချက်ဖြင့် ဌာနအတွင်းရှိ ဝန်ထမ်းများ စုပေါင်း၍ မိတ်ဆုံစားပွဲများ လစဉ်ဆောင်ရွက်လျှက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် ဦးစီးမှူးရုံးတွင် (၁၅.၇.၂၀၂၅)ရက်နေ့ နေ့လယ်(၁၂:၀၀)နာရီ တွင် ခရိုင်ဦးစီးမှူး ဒေါ်အေးအေးသင်း ဦးဆောင်၍ မိတ်ဆုံစားပွဲဆောင်ရွက်ခဲ့ပါသည်။
အဆိုပါမိတ်ဆုံစားပွဲတွင် ကြက်သားပလာတာများဖြင့် ဧည်ခံကျွေးမွေးပြီး ဝန်ထမ်းများက လည်း ချစ်ခင်ရင်းနှီးစွာဖြင့် အတူတကွသုံးဆောင်ခဲ့ကြပါသည်။ ဝန်ထမ်းမိတ်ဆုံစားပွဲများ ကျင်းပ ခြင်းအားဖြင့် ဌာနအတွင်းရှိ ဝန်ထမ်းများအချင်းချင်း ချစ်ခင်ရင်းနှီးမှုများ လုပ်ငန်းခွင်ပျော်ရွင်မှုရှိခြင်း၊ စည်းလုံးညီညွှတ်မှုပိုမိုရရှိခြင်း၊ ရုံးလုပ်ငန်းကို ပိုမိုပြီးမြောက် အောင်မြင်ခြင်းစသည့် အကျိုးကျေးဇူး များရရှိကြောင်းသိရပါသည်။
DOCA(ပဲခူး)